"မတားနဲ့"
25-Apr-2018အထူးကုဆရာဝန်ကြီး၏ ဆေးခန်းတွင် လူနာများစွာစောင့်နေသော်လည်း ဆရာဝန်ကြီးမှာ အခြားဆေးခန်းတစ်ခုမှ ယခုအထိ ကူးမလာသေးဘဲရှိနေသည်။ နှစ်နာရီကြာ စောင့်ဆိုင်းအပြီးတွင် အသက်ကြီးသောလူနာတစ်ဦးမှာ တစ်လှမ်းချင်း လှမ်းပြီးဆေးခန်း အပြင်ဘက်သို့ သွားနေသဖြင့်.....
သူနာပြုဆရာမ - "အဘ ဘယ်ကိုသွားမလို့လဲ ထိုင်နေလေ"
လူနာ - "တော်ပါပြီကွယ်၊ ဆက်မစောင့်နိုင်တော့ဘူး။ အိမ်ပြန်ပြီး ကုတင်ပေါ်မှာ နားရင်း သဘာဝအတိုင်း အေးအေးချမ်းချမ်းပဲ သွားသေမလို့"
Credit: ဆေးလောကဟာသများ